Tuesday, September 4, 2012

အရောင်များ

အရောင်များ
ဘ၀က အဲ့ဒီ့လို အရောင်စုံတွေကြား
ပုတ်သင်ညိုတစ်ကောင်လို ဖြစ်ခဲ့တယ်။
ကိုယ်ကျင်လည်ရမှာ အရောင်တွေ အလိုက်သင့်ပြောင်း
အပြုံးလှလှကလေးနဲ့ ဟန်ဆောင်နေခဲ့တာ။
အတည်တကျမရှိတဲ့ ရင်ဘက်ထဲကအသဲနှစ်လုံးကလည်း
တစ်ခါတစ်လေ တစ်ကိုယ်ကောင်းဆန်နေခဲ့တယ်။
လွန်ခဲ့တဲ့ နေ့တွေဆီက အရောင်ခြယ်ဘ၀က
ကျီးလန့်စာ စားသလို နေ၀င်ခဲ့ရသေးတယ်။
တစ်ခါတစ်လေ လောင်ကျွမ်းမှု့တွေနဲ့
ဘ၀က အရောင်တွေ ပြယ်ခဲ့ရတယ်။
တစ်ခါတစ်လေ နောင်တတွေက
အရောင်ရင့်ရင့်။ ။

No comments:

Post a Comment