Tuesday, September 4, 2012

တခါက ထာဝရများ

တစ်ဦးတစ်ယောက်တည်း အပေါ်တွင်သာ

ရူးမလောက် ချစ်ခဲ့ဖူးပါသည်။ ။



ကိုယ်ထားနိုင်စွမ်း ရှိသမျှ တန်ဖိုးတွေ အကုန်လုံးနဲ့ ပုံပြီးလဲ

သူ့ကို မြတ်နိုး ခဲ့ရပါသည်။ ။



သူ့အပေါ် ထားမိတယ့် မေတ္တာကို တွေးဆလို့

သိက္ခာကို ဘေးချထား ခဲ့ပေမယ့်

မာနကို အနင်းခြေခံရလို့

စိတ်တွေ အတွင်းကြေ ခဲ့ဖူးပါသည်။ ။



ကိုယ်ချစ်တာ ဒီတစ်ယောက်တည်း ရယ်လို့

နှလုံးသားရဲ့ သစ္စာ အစဉ် ခိုင်မြဲခဲ့ပေမယ့်

ဒီရင် ငမွဲကိုမှ သူအထင်လွဲခဲ့တာမို့

ရင်ထဲ ကြေကွဲခဲ့ရပါသည်။ ။
 Save as PDF | Posted by tailon111 - Poems

No comments:

Post a Comment