Tuesday, September 4, 2012

ကမ္ဘာကြီးကို ကယ်တင်ပါ

ကမ္ဘာကြီး သနားစရာ
တစ်နေ့ထက်တစ်နေ့ ပူပြင်းမှုခံနေရရှာ.
သဘာဝဘေးအန္တရယ်တွေက နှိပ်စက်
တစ်ချက်တစ်ချက် ဖောက်လာတဲ့ အိုဇုန်းလွှာကတစ်မျိုး
အိုး....အဖက်ဖက်က နာကျင်
ကယ်တင်မှု မလုပ်ကြတော့ဘူးလား
ပါးလျားနေပြီ သစ်တော
ခြောက်သွေ့မှုမှာမျော
ပေါလောလေးသာပေါ်
မောနေရှာပြီ......
ဤကမ္ဘာမြေ စိမ်းလန်း
အေးချမ်းဖို့ တို့တစ်တွေ
ပျိုးစို့လေ အရိပ်ရပင်
အပင်ရှိမှ လှပ
ကြွရွပါစေ သဘာဝ
အေးမြပါစေ ကမ္ဘာအလှ
ခုကစလို့ စုပေါင်း
ကောင်းစေချင် ကမ္ဘာကြီး
နီးစပ်သထက် နီးစပ်
ဘေးကပ်ကို ကယ်တင်ဖို့
တို့ စိုက်ကြစို့ သစ်ပင်
ထာဝရပျော်ရွှင်မှုအတွက်
လူတိုင်းရဲ့ တာဝန်တစ်ခုပါလေ....

ကိုသူ(ကဗျာချစ်သူ)

No comments:

Post a Comment