Tuesday, September 4, 2012

အရောင်များ

အရောင်များ
ဘ၀က အဲ့ဒီ့လို အရောင်စုံတွေကြား
ပုတ်သင်ညိုတစ်ကောင်လို ဖြစ်ခဲ့တယ်။
ကိုယ်ကျင်လည်ရမှာ အရောင်တွေ အလိုက်သင့်ပြောင်း
အပြုံးလှလှကလေးနဲ့ ဟန်ဆောင်နေခဲ့တာ။
အတည်တကျမရှိတဲ့ ရင်ဘက်ထဲကအသဲနှစ်လုံးကလည်း
တစ်ခါတစ်လေ တစ်ကိုယ်ကောင်းဆန်နေခဲ့တယ်။
လွန်ခဲ့တဲ့ နေ့တွေဆီက အရောင်ခြယ်ဘ၀က
ကျီးလန့်စာ စားသလို နေ၀င်ခဲ့ရသေးတယ်။
တစ်ခါတစ်လေ လောင်ကျွမ်းမှု့တွေနဲ့
ဘ၀က အရောင်တွေ ပြယ်ခဲ့ရတယ်။
တစ်ခါတစ်လေ နောင်တတွေက
အရောင်ရင့်ရင့်။ ။

ဘ၀နဲ့အချစ်

နင်မသိပါဘူး
နင့်အတွက် မေတ္တာ ငါ့ရင်ထဲမှာရှိတာ
မြိုသိပ်ခါရူး ငါမချစ်သင့်ဘူး ....
ငါ သိတာတစ်ခု
ဘ၀နဲ့အချစ်မှာ
လိုက်ဖက်ရာသာရွေးပါ
နင်မသိပါဘူး
ငါမချမ်းသာဘူး.....

ဟန်ဆောင်ဘဝ


ရင်ကဝေဒနာ
အဖြေရှာလို့မရပေမဲ့
ရင်နာရတဲ့အဖြစ်တွေက
နေ့စဉ်နဲ့အမျှပါပဲ
သတိနဲ့ထိန်းလို့
မျက်ရည်စလူမမြင်အောင်
ခင်တွယ်သူတွေနဲ့ရယ်မောရင်း
ဟန်ဆောင်ရတဲ့ဘ၀နဲ့
အသက်ဆက်နေသူပါ................

တခါက ထာဝရများ

တစ်ဦးတစ်ယောက်တည်း အပေါ်တွင်သာ

ရူးမလောက် ချစ်ခဲ့ဖူးပါသည်။ ။



ကိုယ်ထားနိုင်စွမ်း ရှိသမျှ တန်ဖိုးတွေ အကုန်လုံးနဲ့ ပုံပြီးလဲ

သူ့ကို မြတ်နိုး ခဲ့ရပါသည်။ ။



သူ့အပေါ် ထားမိတယ့် မေတ္တာကို တွေးဆလို့

သိက္ခာကို ဘေးချထား ခဲ့ပေမယ့်

မာနကို အနင်းခြေခံရလို့

စိတ်တွေ အတွင်းကြေ ခဲ့ဖူးပါသည်။ ။



ကိုယ်ချစ်တာ ဒီတစ်ယောက်တည်း ရယ်လို့

နှလုံးသားရဲ့ သစ္စာ အစဉ် ခိုင်မြဲခဲ့ပေမယ့်

ဒီရင် ငမွဲကိုမှ သူအထင်လွဲခဲ့တာမို့

ရင်ထဲ ကြေကွဲခဲ့ရပါသည်။ ။
 Save as PDF | Posted by tailon111 - Poems

ကမ္ဘာကြီးကို ကယ်တင်ပါ

ကမ္ဘာကြီး သနားစရာ
တစ်နေ့ထက်တစ်နေ့ ပူပြင်းမှုခံနေရရှာ.
သဘာဝဘေးအန္တရယ်တွေက နှိပ်စက်
တစ်ချက်တစ်ချက် ဖောက်လာတဲ့ အိုဇုန်းလွှာကတစ်မျိုး
အိုး....အဖက်ဖက်က နာကျင်
ကယ်တင်မှု မလုပ်ကြတော့ဘူးလား
ပါးလျားနေပြီ သစ်တော
ခြောက်သွေ့မှုမှာမျော
ပေါလောလေးသာပေါ်
မောနေရှာပြီ......
ဤကမ္ဘာမြေ စိမ်းလန်း
အေးချမ်းဖို့ တို့တစ်တွေ
ပျိုးစို့လေ အရိပ်ရပင်
အပင်ရှိမှ လှပ
ကြွရွပါစေ သဘာဝ
အေးမြပါစေ ကမ္ဘာအလှ
ခုကစလို့ စုပေါင်း
ကောင်းစေချင် ကမ္ဘာကြီး
နီးစပ်သထက် နီးစပ်
ဘေးကပ်ကို ကယ်တင်ဖို့
တို့ စိုက်ကြစို့ သစ်ပင်
ထာဝရပျော်ရွှင်မှုအတွက်
လူတိုင်းရဲ့ တာဝန်တစ်ခုပါလေ....

ကိုသူ(ကဗျာချစ်သူ)